ကြံခင်းမြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် (၃.၁၂.၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့မဈေးတာဝန်ခံရုံးရှေ့၊ မဟာဘောဂလမ်းပေါ်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ရောင်းချခဲ့ရာတွင် ဆန်(၁)ပြည်လျှင် ၃၀၀၀/-ကျပ်၊ စားအုန်းဆီ( ၂၅ ကျပ်သား)လျှင် ၂၀၀၀/- ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၃၈၀/-ကျပ်နှုန်းဖြင့်  ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)