ဖျာပုံမြို့၊ အပြောင်ဈေးတွင် ကြက်သား၊ငါး၊ ကြက်ဥ၊ဘဲဥ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၊  ဖျာပုံမြို့၊ အပြောင်ဈေးတွင် ကြက်သား၊ငါး၊ ကြက်ဥ၊ဘဲဥ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

     အဆိုပါ ရောင်းချမှုတွင် အများပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် အတွက် ကြက်ဥ အလုံး(၈၀၀) တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥ အလုံး(၈၀၀) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်သား (၁၀)ပိဿာ တစ်ဆယ်သားလျှင် (၁၅၀၀) ကျပ်၊တီလားဗီယားငါး (၂၀) ပိဿာ တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀) ကျပ် နှုန်းဖြင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)