ကျိုက်လတ်မြို့၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ကြက်ဥ၊ ဘဲဥ ၊ ကြက်သားများ ရောင်းချလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက် (၇:၀၀)နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်ဖြစ်သော ကြက်ဥ၊ ဘဲဥ ၊ ကြက်သားများ ရောင်းချပေးခဲ့ပါသည်။

     ရောင်းချမှုတွင် ကြက်ဥအလုံး(၅၀၀) တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥ အလုံး(၅၀၀) တစ်လုံးလျှင် (၅၀၀) ကျပ်၊ ကြက်သား(CP) (၁၀) ပိဿာ တစ်ဆယ်ကျပ်သားလျှင် (၁၇၀၀) ကျပ်ဖြင့်ရောင်းချပေးခဲ့ပါသည်။ ပြင်ပပေါက်ဈေးနှင့် နှိုင်းယှဉ်လျှင် ကြက်ဥ တစ်လုံးလျှင် (၁၂၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင်(၁၀၀) ကျပ်၊ ကြက်သား(CP)တစ်ဆယ်ကျပ်သားလျှင် (၁၀၀၀) ကျပ်ခန့် လျော့နည်းပြီး ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)