ဇလွန်မြို့နယ်ရှိ ဆန်သိုလှောင်ရုံများတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၂.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အဒါးလမ်း၊ လမ်းမတော်(မ)ရပ်ကွက်နှင့် ဗျည်းညားရပ်ကွက်ရှိ ဆန်စက်များနှင့် ဆန်သိုလှောင်ရုံများအား တရားမဝင် သိုလှောင်ထားခြင်းရှိ/မရှိနှင့်  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ဆန်စက်များရှိ သိုလှောင်ရုံများအား မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ သိုလှောင်ရုံအတွင်း စပါး/ဆန်တည်ရှိမှုအခြေအနေအရ ရာသီချိန်တွင် ပုံမှန်ဝယ်ယူ ကြိတ်ခွဲထုတ်လုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ဆန်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ တင်ပို့ရကြောင်းနှင့် တားမြစ်ဒေသများသို့ တင်ပို့ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အမြတ် ၈% ထက်ကျော်လွန် ရောင်းချခြင်း မဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်း ဆိုင်(၄)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)