စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၃.၁၂.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် ကြံခင်းမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဌ၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ကြံခင်းမြို့နယ်၊ ရွှေတောင်စုရပ်ကွက်၌ ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်တွင် မျိုးစေ့ချ စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်းခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆောင်းနေကြာ မျိုးစေ့ချ စိုက်ပျိုးမှုကို ကြံခင်းမြို့နယ် ၊ ရွှေတောင်စုရပ်ကွက်ရှိ တောင်သူ ဦးကျော်မင်းသူ၏ လယ်မြေပေါ်တွင် Supersun 41 အမျိုးအစား ဆောင်းသီးနှံနေကြာ စိုက်ခင်း(၁) ဧက၌ မျိုးစေ့ချ စိုက်ပျိုးနေမှုကို ကြည့်ရှု့အားပေးခဲ့ကြပြီး နံနက်(၁၀:၃၀) နာရီအချိန်တွင် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)