ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိုကလေးမြို့၊ မြို့မဈေးတွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ဘဲဥများ ရောင်းချခဲ့ပါသည်။
ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် အများပြည်သူများ သက်သာစွာ ဝယ်ယူသုံးစွဲ နိုင်ရေးအတွက် ကြက်ဥ အလုံး(၆၀၀) တစ်လုံးလျှင် (၃၈၀) ကျပ်၊ ဘဲဥ အလုံး(၆၀၀) တစ်လုံး လျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)