စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင် မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူနှင့် ဂန့်ဂေါခရိုင်အနေဖြင့် နိုဝင်ဘာလအတွင်းတွင် ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်အမျိုးမျိုးဖြစ်သော စားသုံးဆီအမျိုးမျိုး၊ အသင့်စားမုန့်အမျိူးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူ၊ ဂန့်ဂေါမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပခုက္ကူမြို့တွင် FDAမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက်များအား ကုန်စုံဆိုင် (၆)ဆိုင်၌ (၁)ကြိမ်၊ ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်(၇)ဆိုင်တို့တွင် (၃)ကြိမ်၊ ဆိပ်ဖြူမြို့ နယ်မှ စားသုံးဆီ အရောင်းဆိုင်(၂)ဆိုင်နှင့် ကုန်စုံဆိုင်(၂)ဆိုင်တို့တွင် (၂)ကြိမ်၊ ဂန့်ဂေါမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် (၂)ဆိုင်တွင် စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်း(၁)ကြိမ် စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၇)ကြိမ်အား မိတ်ဖက်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ အွန်လိုင်းစနစ် ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင် ခြင်းဆိုင်ရာ အကြောင်းအရာများကိုလည်း အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)