တောင်ငူမြို့သို့ ဝင်ရောက်လာသည့် ရှမ်းပြည်ထွက် ပန်းဂေါ်ဖီပွင့်နှင့် မုန်ညင်းများ

Powered by Drupal

              တောင်ငူမြို့ ညောင်ပင်လေးဈေးသည် သစ်သီးဝလံဟင်းသီးဟင်းရွက်မျိုးစုံ လာရောက်ရောင်းချသည့် ကုန်စိမ်းဈေးဖြစ်ရာ ရှမ်းပြည်မှ ပန်းဂေါ်ဖီပွင့်များ ရောင်းချလျက်ရှိနေပါသည်။ ပန်းဂေါ်ဖီပွင့်သည် ယခုအခါပေါ်ခါစဖြစ်၍ တစ်ပွင့်လျှင် အသေး ၁၅၀၀ ကျပ်၊ အလတ် ၂၀၀၀ ကျပ် နှင့် အကြီး ၂၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

              တောင်ငူမြို့အနီး စစ်တောင်းမြစ်ကမ်းနှင့် ခပေါင်းချောင်းကမ်းဘေးတွင်လည်း ပန်းဂေါ်ဖီပွင့်များစိုက်ပျိုးလျက်ရှိရာ ၎င်းဒေသထွက် ပန်းဂေါ်ဖီပွင့်များပေါ်ပါက ပန်းဂေါ်ဖီဈေးနှုန်း ကျဆင်းနိုင်ကြောင်းသိရသည်။

              ရှမ်းပြည်မှဝင်ရောက်လာသော မုန်ညင်းများမှာ ယခင်လက တစ်ပိဿာလျှင် ၆၀၀၀ ကျပ် မှ ၇၀၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းထက်ဝက်ကျော် ကျဆင်းသွားကြောင်းသိရသည်။

              ပန်းဂေါ်ဖီပွင့်နှင့် မုန်ညင်းရွက်များမှာ လူကြိုက်များသည့် ဟင်းသီးဟင်းရွက်များဖြစ်၍ ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(ပဲခူး)