စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၉.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ “ မြဧရာ” အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၄၅)ဦးအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သော “ စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူအခွင့်အရေးများရရှိစေရန် ရည်ရွယ်၍ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ မည်သည့်ဆင်းကဒ်နှင့်မဆို နေပြည်တော်သို့ ဆက်သွယ်တိုင်ကြားလိုပါက (1535) (1)၊ ရန်ကုန်သို့ (2)၊ မန္တလေးသို့(3)အား ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပါကြောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)