![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/172_6.jpg?itok=4melXXXF)
မွန်ပြည်နယ်အတွင်း ကွမ်းသီးဈေးနှုန်းကို ယခင်လထက် မြင့်တက်နေကြောင်းသိရသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့်ရေးမြို့နယ်မှ အထွက်များသော ကွမ်းသီးဈေးနှုန်းမှာ မော်လမြိုင် အညိုသီး (အသန့်)၊ (၁)ပိဿာလျှင် ၇၇၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး (အသန့်)၊ (၁)ပိဿာလျှင် ၈၁၀၀ ကျပ်၊ ရေးသီး (အသန့်) ၊ (၁)ပိဿာလျှင် ၈၉၀၀ ကျပ်ရှိကြောင်းသိရသည်။
အဆိုပါ ကွမ်းသီးဈေးနှုန်းများမှာ ယခင် (နိုဝင်ဘာလ)တွင် မော်လမြိုင် အညိုသီး (အသန့်)၊ (၁)ပိဿာလျှင် ၃၀၀၀ ကျပ် ဖြစ်ခဲ့ရာမှ ယခုလ (ဒီဇင်ဘာလ)တွင် သိသိသာသာ ဈေးနှုန်းမြင့်တက်လာကြောင်း ကွမ်းသီးရောင်းဝယ်သူများမှ သိရှိရပါသည်။
DOCA(မွန်)