မွန်ပြည်နယ်အတွင်းရှိ ကျိုက္ခမီမြို့သည် ငါးခြောက်ထွက်ရှိသည့်ဒေသဖြစ်သည်။ ယခုနှစ် မိုးရာသီအကုန် ဆောင်းရာသီ၏အစတွင် ငါးခြောက်အမယ်စုံများအသစ်ထွက်ရှိလာပြီဖြစ်သည်။ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယအပတ်)တွင် ရောင်းချသည့် ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက် (အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက် (အကောင်သေး)၊ ငါးတံခွန်ခြောက် ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ ပုဇွန်ခြောက်(အကြီး)၊ ပုဇွန်ခြောက် (အလတ်)၊ ပုဇွန် ခြောက်(အသေး)၊ ပုဇွန်ခြောက်အခွံပါအမှုန့်ခြောက်တို့ ရောင်းချလျက်ရှိကြောင်းသိရသည်။
၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး)တစ်ပိဿာလျင် ကျပ် ၄၀၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျင် ကျပ် ၃၂၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျင် ကျပ် ၂၃၀၀၀၊ ငါးပုပ်ခြောက်တစ်ပိဿာလျင် ကျပ် ၂၅၀၀၀၊ ငါးနီတူခြောက် တစ်ပိဿာလျင် ကျပ် ၂၀၀၀၀၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျင် ကျပ် ၂၄၀၀၀၊ ငါးရွှေခြောက်တစ်ပိဿာလျင် ကျပ် ၁၈၀၀၀၊ ငါးအူမြင်းခြောက် တစ်ပိဿာလျင် ကျပ်၂၀၀၀၀၊ ငါးကွင်းရှပ်ခြောက်(အကြီး) တစ်ပိဿာလျင် ကျပ် ၄၂၀၀၀၊ ငါးကွင်းရှပ် ခြောက်(အလတ်)တစ်ပိဿာလျင် ကျပ် ၃၇၀၀၀၊ ငါးကွင်းဆက်ခြောက် (အသေး) တစ်ပိဿာလျင် ကျပ် ၂၂၀၀၀ မှ ၃၀၀၀၀ ကျပ်အတွင်း၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျင် ကျပ် ၁၂၀၀၀မှ ၁၃၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျင် ကျပ် ၁၂၀၀၀၊ ငါးဖောင် ရိုးခြောက် တစ်ပိဿာလျင် ကျပ် ၁၈၀၀၀၊ ငါးစာပြက် တစ်ပိဿာလျင် ကျပ်၂၁၀၀၀မှ ၂၂၀၀၀အတွင်း၊ ငါးစရိုင်းခြောက် တစ်ပိဿာလျင် ကျပ် ၂၂၀၀၀၊ ပုဇွန်ခြောက် (အကြီး) တစ်ပိဿာလျင် ကျပ် ၇၀၀၀၀၊ ပုဇွန်ခြောက် (အလတ်) တစ်ပိဿာလျင် ကျပ် ၆၀၀၀၀၊ ပုဇွန်ခြောက် (အသေး)တစ်ပိဿာလျင် ကျပ် ၅၄၀၀၀၊ ပုဇွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျင် ကျပ် ၂၂၀၀၀ တို့ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မွန်)