ဟင်္သာတတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ကြက်ဥ၊ ဘဲဥ၊အသားငါးများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် ၅.၁၂.၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ ရွာသာကုန်းကျေးရွာအုပ်စုရှိ ဟင်္သာတ တက္ကသိုလ်ကျောင်းဝန်းအတွင်း၌  တက္ကသိုလ်ဝန်ထမ်းများ၊ အနီးပတ်ဝန်းကျင် ပြည်သူများ အားကြက်ဥ၊အသား၊ငါးနှင့် စားအုန်းဆီများအားသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

              ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ရန် ကြက်ဥတစ်လုံးလျှင် ၃၆၀/- ကျပ်ဖြင့် အလုံး ၁၀၀၀ ကို လည်းကောင်း၊ ဘဲဥတစ်လုံးလျင် ၄၉၀ ကျပ်နှုန်းဖြင့် အလုံး ၅၀၀ ကိုလည်းကောင်း၊ ငါးတစ်ပိဿာလျှင် ၆၀၀၀/- ကျပ်ဖြင့် ပိဿာ ၂၀၊ ကြက်သား တစ်ပိဿာလျှင် ၁၉၀၀၀/- ကျပ်ဖြင့် ပိဿာ ၂၀၊ ဝက်သားတစ်ပိဿာလျှင် ၂၅၀၀၀/- ကျပ်ဖြင့် ၂၀ ပိဿာ၊အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀/- ကျပ်ဖြင့် ပိဿာ ၂၀ ကို လည်းကောင်း ပြည်သူများ လိုအပ်သလိုဝယ်ယူရရှိနိုင်စေရေး ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)