ကြံခင်းမြို့မဈေးအတွင်း ကြက်ဥ၊ ဘဲဥဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၃.၁၂.၂၀၂၄ ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ မြို့မဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ကြံခင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့သည် ဈေးကွက်အတွင်း ပြည်သူများဈေးနှုန်း သက်သာမှန်ကန်စွာ ဝယ်ယူရရှိစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကြက်ဥ၊ ဘဲဥအရောင်းဆိုင်များတွင် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချမှုပြုစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)