မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော၊ ကုန်းကြီး၊ ညောင်ပင်သာနှင့် မယ်ဇလီတောကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲ၊ ဝါ၊ စပါး၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားမီဖိုးချောင်သုံးသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာ၌ တောင်သူ(၇၀)ဦးမှ ပဲစဉ်းငုံသီးနှံစိုက်ဧက(၁၅၀)ဧကကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လတွင် မိုးနှမ်းနှင့်အတူရော၍ သီးညှပ်အဖြစ်စိုက်ပျိုးကြသလို သီးထပ်အဖြစ် လည်းစိုက်ပျိုးကြကြောင်း၊ သီးညှပ်အဖြစ်စိုက်ပျိုးရာတွင် (၁)ဧကလျှင် မျိုး(၁ မှ ၂)ပြည်ထိ ကုန်ကျပြီး သီးထပ်စိုက်ပျိုးပါက (၁)ဧကလျှင် မျိုး(၄)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးကို ယခင်နှစ် ကစိုက်ခင်းမှ ထွက်ရှိသည့် ပဲစဉ်းငုံများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးကြသလို တောင်သူအချင်းချင်း ဆီမှလည်း မျိုး(၁)ပြည်လျှင် ကျပ်(၁၀၀၀၀)ဖြင့် ဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ ယခုနှစ်တွင်လည်း ယခင်နှစ်နည်းတူ မျိုးဖိုး၊ လုပ်အားခနှင့် အခြားသွင်း အားစုစရိတ် အပါအဝင် ကျပ်(၂)သိန်းခွဲ မှ(၃)သိန်းထိ ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၁)တင်း မှ(၁၅)တင်းထိ ထွက်ရှိပြီး (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀)ထိဈေးရရှိခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၁၀၂၀၀၀၀-၁၅၀၀၀၀၀) ရရှိခဲ့ ကြောင်း၊ ယခုဒီဇင်ဘာလ(ပထမပတ်)တွင် ပဲစဉ်းငုံ(၁)တင်းလျှင် ကျပ်(၁၅၅၀၀၀)ထိ ဈေးရှိနေကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့် မကွေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ထိုပွဲရုံ များမှတဆင့် မန္တလေးမြို့၊ ပြည်မြို့နှင့်ရန်ကုန်မြို့သို့တင်ပို့ကြကြောင်း၊ ယခုအချိန်တွင် မင်းလှ မြို့နယ်အတွင်းရှိကျေးရွာများတွင် ပဲစဉ်းငုံသီးနှံများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မယ်ဇလီတော ကျေးရွာနေ ပဲစဉ်းငုံစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)