မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ စားဖိုဆောင်သီနှံတစ်မျိုးဖြစ်သော ဆောင်းကြက်သွန်သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်းကြက်သွန် စိုက်ဧကမြစ်သားမြို့နယ်တွင်(၂၀၀၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ဆောင်းကြက်သွန်ကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးထားပြီး ဖေဖော်ဝါရီလနှင့်မတ်လများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ မျိုးအနေဖြင့်ရွှေဖလားကြက်သွန်မျိုးများကိုသာအများဆုံးစိုက်ပျိုးကြပါသည်။ ကြက်သွန်မျိုးဈေးအနေဖြင့်(၁)ပြီလျှင် (၁၃၀၀၀၀-၁၅၀၀၀၀) ကျပ်ခန့်ရှိကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင်စုစုပေါင်း (၁၇၀၀၀၀၀ ) ကျပ်ခန့်ကုန်ကျကြောင်း၊ ဆောင်းကြက်သွန်ကို ပျိုးထောင်စိုက်ပျိုးကြကြောင်းသိရပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ကသဲကုန်း၊ ဒါးရဲကောင်း၊ သိုတန်၊ ဆင်းကွတ်နှင့် မင်းဝန်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဆောင်းကြက်သွန်ပေါ်ချိန်(၂၀၀၀-၂၅၀၀) ပိဿာခန့်ထွက်ရှိနိုင်ကြောင်း၊ ကြက်သွန်ယခုပေါက်ဈေးအနေဖြင့်အကြီး(၁)ပိဿာလျှင် (၄၅၀၀) ကျပ်၊ အလတ်(၁)ပိဿာလျှင် (၄၀၀၀)ကျပ်၊ အသေး(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ ကြက်သွန်ပေါ်ချိန်တွင် ပွဲစားများမှလယ်ကွင်းထဲအရောက် ဝယ်ယူသူများရှိသလို ပွဲရုံများသို့ကိုယ်တိုင်သွားရောက် ရောင်းချကြကြောင်း၊ ပွဲရုံများမှ ရန်ကုန်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကြက်သွန်ပေါ်ချိန်တွင်လည်းဈေးနှုန်း၊ ဈေးကွက်များကောင်းမွန်ပါက ကြက်သွန်စိုက်တောင်သူများ အကျိုးအမြတ်များပိုမိုဖြစ်ထွန်းမှာဖြစ်ကြောင်း ကသဲကုန်းကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)