အထက်ဌာန၏ ညွှန်ကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး၏ အစီအမံဖြင့် တိုင်းရုံးအပါအဝင် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများသည် ဈေးကွက်အတွင်း သွင်းကုန်ဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ဆေးဆိုင်များအား ဈေးကွက်အတွင်း ကာလကြာရှည် သုံးစွဲနေသည့် ဆေးဝါးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒဏ်ကြေလိမ်းဆေးအပါအဝင် ပုံမှန် သောက်သုံးနေသည့်ဆေးများ ပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)