စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များဖြစ်သော သစ်ဆန်းဆေးဆိုင်နှင့် မင်းမင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းခဲ့သည့် ဆေးအရောင်းဆိုင် (၂)ဆိုင်အား ဆေးဝါးများဈေးကွက်အတွင်း၌ ကာလကြာရှည်သုံးစွဲနေရသည့်ဆေးဝါးများ၊ သွေးကျဲဆေးများ၊ အကိုက်အခဲပျောက်ဆေး၊ ဆီးချိုဆေး၊ နှလုံးဆေး၊ လေဆေး၊ အာရုံကြောဆေး၊ ဒဏ်ကြေလိမ်းဆေးအပါအဝင် ပုံမှန်သောက်သုံးနေရသည့် ဆေးများအား ဆေးဝါးများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြင့်တက်မှုရှိ /မရှိ ဈေးနှုန်းဈေးကွက် အခြေအနေများကို ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ရာ ပုံမှန်သောက်သုံးနေသော ဆေးများပြတ်လပ်မှုမရှိပါကြောင်းနှင့် ဆေးဝါးဈေးနှုန်းများမှာလည်း ဈေးငြိမ်နေကြောင်း ဆေးဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)