ရာသီပေါ်သီးနှံဖြစ်သည့် နံနံပင်နှင့် ကြက်သွန်မြိတ်များ လှိုင်လှိုင်ထွက်ရှိ

Powered by Drupal

    ရာသီပေါ်သီးနှံဖြစ်သည့် နံနံပင်နှင့်ကြက်သွန်မြိတ်များမှာ ဆောင်းရာသီတွင် လှိုင်လှိုင်ထွက် ရှိ၍ အခြားမြို့များမှ သယ်ယူရောင်းချစရာမလိုဘဲ မိမိတို့အိမ်ရှိနေရာလွတ်များတွင်လည်းကောင်း၊ ခြံကျယ်များတွင်လည်းကြောင်း စိုက်ပျိုးကြကြောင်း၊ ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း လာရောက်ရောင်းချကြကြောင်း၊ နံနံပင်နှင့် ကြက်သွန်မြိတ်မှာ ဟင်းခတ်အမွှေးအကြိုင်ဖြစ်၍ ဟင်းလျာတိုင်းတွင် ထည့်၍ အသုံးပြုကြောင်း၊ ဆောင်းရာသီတွင် ထွက်ရှိသည့် နံနံပင် ဈေးနှုန်းမှာ (၁)စည်းလျှင် (၂၀ဝိ/-)ကျပ် နှင့် (၃)စည်းလျှင် (၅၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်မြိတ် ဈေးနှုန်းမှာ (၁)စည်းလျှင် (၆၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

 

DOCA(စစ်ကိုင်း)