တနင်္သာရီတိုင်းဒေသကြီးမှ ဒီဇင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးမှ နိုဝင်ဘာလ ပထမပတ်အတွင်း ကွမ်းသီးတင်ပို့မှုမှာ ထားဝယ်ခရိုင်မှ (၁၄၂၀၄၀)ပိဿာ တန်အားဖြင့်(၂၃၁.၉၄၄)ရှိပြီး၊ မြိတ်ခရိုင်မှ (၃၃၉၀၅၀) ပိဿာ တန်အားဖြင့်(၅၅၃.၆၅၀)ရှိပြီး၊ ကော့သောင်းခရိုင်မှ တင်ပို့မှုမရှိသေးကြောင်း သိရပါသည်။ ယခု တစ်ပတ်အတွင်း ထားဝယ် ခရိုင်တွင် ကွမ်းသီးခွဲခြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်ရှိပြီး၊ မြိတ်ခရိုင် တွင် (၇၅၀၀ မှ ၈၀၀၀)ကျပ်ရှိပါသည်။  ကွမ်းအလုံးခြောက်တစ်ပိဿာလျှင်(၁၀၀၀၀ မှ၁၂၀၀၀) ကျပ်ရှိသဖြင့် တောင်သူများ တွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပြီး ကွမ်းသီးပေါ်ချိန်တွင် ဈေးကောင်းရမည်ဟု ခန့်မှန်းနေကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)