တိုင်းဒေသကြီးဦးစီးမှူးနှင့် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ နေ့လယ်(၁၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်များမှ ဆန်စပါးကုန်သည်များ တက်ရောက်ခဲ့ပါ သည်။

    အဆိုပါ တွေ့ဆုံဆွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးအတွင်း ဆန်စီးဝင်/စီးထွက် ကိစ္စရပ်များ၊ ဆန်များအား စားသုံးသူပြည်သူများအား သင့် တင့်မျှတသော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်းရောင်းချနိုင်ရေး၊ ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင် ကိစ္စများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေး‌နွေးခြင်း၊ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အသင်းတာဝန်ရှိသူများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကာ ဆွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် (၁၃း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)