မိတ္ထီလာဈေးကွက်တွင် ဝါးသီးနှံဈေးမှာ ဒီဇင်ဘာလဆန်း၌ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ဝါသီးနှံမှာ ယခင်နှစ်များက အောက်တိုဘာလပိုင်းမှစ၍ ဈေးကွက်ဝင်ရောက်လေ့ရှိသော်လည်း ယခုနှစ်တွင် နိုဝင်ဘာလမှသာ ဈေးကွက်သို့ဝင်ရောက်သဖြင့် ဝင်ရောက်မှုနောက်ကျနေပါသည်။ ယခုနှစ်တွင် အပင်စိုက်ပျိုးဖြစ်ထွန်းချိန်၌ မိုးများခဲ့ခြင်း၊ ဝမ်းတွင်းနယ်တွင် ဝါစိုက်ခင်းများရေဝင်ခဲ့ခြင်းတို့ကြောင့် ဈေးကွက်အဝင်နောက်ကျခြင်း၊ ဝင်ရောက်သည့်ပမာဏနည်းခြင်းတို့ရှိကြောင်းသိရသည်။ သီးနှံဝင်စတွင် ဝါတစ်ပိဿာ (၃၁၀၀-၃၂၀၀) ကျပ်ရှိခဲ့ပြီး၊ ဒီဇင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာ (၃၆၀၀-၃၇၀၀) ကျပ်သို့ ဈေးမြင့်လာကြောင်းသိရသည်။
မိတ္ထီလာဈေးကွက်တွင် ဝါသီးနှံကို ပွဲရုံ၊ ပွဲစားများနှင့် ဝါစက်များကဝယ်ယူပြီး ဒေသတွင်းဝါစက်များ၌ ကြိတ်ခွဲမှုအပြင် မန္တလေးမြို့ရှိ ဝါစက်၊ ချည်စက်များသို့ တင်ပို့ရောင်းချကြပါသည်။ လက်ရှိအချိန်တွင် ဝါကုန်ကြမ်းဝယ်ယူစုဆောင်းနေဆဲဖြစ်ရာ ဝါစက်ခွဲအချို့မှာ လည်ပတ်နိုင်ခြင်းမရှိသေားဘဲ လည်ပတ်နေသောစက်အချို့ရှိ ဝါဂွမ်းဈေးမှာ တစ်ပိဿာလျှင် (၉၀၀၀-၉၅၀၀-၁၀၀၀၀)ကျပ်ဈေးရှိကြောင်း၊ ဂွမ်းကိုနိုင်ငံပိုင်ချည်စက်များနှင့် မန္တလေးမြို့ရှိ ပုဂ္ဂလိကချည်မျှင်စက်များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)