“ဆောင်းနေကြာများစတင်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းသီးနှံနေကြာကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်းနေကြာစတင်စိုက်ဧက (၆၈၅)ဧကရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၈၈) ဧက စဉ့်ကိုင်မြို့နယ်တွင် (၁၈၇)ဧက၊ မြစ်သားမြို့နယ်တွင်(၁၁၀)ဧက စတင်စိုက်ပျိုးလျက်ရှိကြောင်း ခရိုင်ကြေးတိုင်နှင့်  မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ဆောင်းနေကြာကိုခရိုင် အတွင်းရှိ မြို့နယ်အနှံစိုက်ပျိုးထားကြောင်း၊ မျိုးကို ဆင်းရွှေကြာမျိုး(၁)နှင့် ဆင်းရွှေကြာမျိုး(၂) များ ကိုအများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းနေကြာတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၈၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ဆောင်းနေကြာကို သီးသန့်စိုက်ပျိုးကြသလို သီးထပ်သီးညှပ်အဖြစ်လည်း ရာသီမရွေးစိုက်ပျိုး၍ရကြောင်း၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပက်ကြဲစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အောက်တိုဘာလကုန်ပိုင်းတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလများတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ ဆောင်းနေကြာပေါ်ချိန်တွင် ခန့်မှန်းအထွက်နှုန်းအနေဖြင့် (၂၅-၂၇)တင်းခန့် ထွက်ရှိနိုင်ကြောင်း၊ ယခုလက်ရှိ နေကြာပေါက်စျေးနှုန်းမှာ တစ်တင်းလျှင်(၅၅၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၈၅၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ နေကြာသီးနှံပေါ်ချိန်တွင်လည်း တောင်သူများမှ မြို့‌ပေါ် ပွဲရုံများသို့ ကိုယ်တိုင်ရောင်းချကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး မိသားစုစားသုံးဆီဖူလုံသော ဆောင်းနေကြာသီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)