“ယာမြေများတွင်ကုလားပဲ(ဆောင်း)များစတင်စိုက်ပျိုး”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊‌ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(‌ဆောင်း)များ စတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကုလားပဲ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင် (၁၇၃) ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၇၂၅)ဧက၊ မြစ်သားမြို့နယ်တွင် (၂၃၀၇)ဧက စုစုပေါင်း(၆၂၀၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ကုလားပဲဆောင်းကို ယာမြေများ၌ အောက်တိုဘာလနောက်ဆုံးပတ်တွင် မိုးရေအစိုဓါတ်တွင်စိုက်ပျိုးကြသလို အချို့တောင်သူများမှာ မိုးရေအစိုဓါတ်အပြင် ရေစက်များဖြင့် ရေတင်၍လည်းစိုက်ပျိုးကြကြောင်း သိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိအိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုသလို အချို့တောင်သူများသည် ပွဲရုံများမှဝယ်ယူ၍စိုက်ပျိုးကြကြောင်း ယခင်နှစ် စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးဈေးနှုန်းမှာ ကုလားပဲ(ရိုးရိုး) တစ်တင်းလျင် (၇၈၀၀၀/-)ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၆၀၀၀/-) ကျပ်‌‌ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးဈေးနှုန်းမှာ ကုလားပဲ(ရိုးရိုး)တစ်တင်းလျင် (၉၂၀၀၀/-) ကျပ်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၁၀၁၀၀၀/-) ကျပ်‌‌ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၉-၁၀)တင်းခန့်ထွက်ရှိကြောင်း တစ်ဧက အကျိုးအမြတ်အနေဖြင့်(၅၀၀၀၀၀/-) ကျပ်မြတ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကုလားပဲပင် များကောင်းမွန်ပြီး အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိပါသည်။

DOCA(မန္တလေး)