ဧပြီလအတွင်း ပဲခူးမြို့ရှိစားအုန်းဆီဈေးကွက်အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက် ရှိပါသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀- ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလစားအုန်းဆီ  တစ်ပိဿာလျှင် ၆၀၀၀-၆၂၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင်၆၃၀၀-၆၆၀၀ ကျပ်ထိ ဈေးနှုန်းမြင့်မားလာပြီး ယခုဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်၆၉၀၀-၇၀၀၀ ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိပါသည်။

            စားအုန်းဆီ ဈေးမြင့်တက်လာရခြင်းမှာ ပြည်ပစားအုန်းဆီဈေးနှုန်းမြင့်တင်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

            ၂၀၂၂ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံဆီကုန်သည်လုပ်ငန်းရှင်များအသင်းမှလည်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့်  စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့်ဆီပိဿာချိန်၁၂၆၅၀ကို ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)