၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့၊နေ့လယ် (၁၄း၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan NewAsia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဥ်မောင်း ဦးသန်းဇော်ဦး၊ ယာဉ်အမှတ် 5G-7822/ Hino မော်တော်ယာဥ်ဖြင့် တင်ဆောင်၍ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၉၂) ပေပါအား ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)