အရောင်းအဝယ်ဖြစ်နေသော ပီလောပီနံဥ(ခေါ်) ကလောဥ ဈေးကွက်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တွင် ပီလောပီနံကို မေလဆန်းတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် စတင်တူးဖော်ကြပါသည်။ အများအားဖြင့် မိရိုးဖလာမြေပုံ စိုက်ပျိုးကြပြီး စိုက်ဘောင်စနစ်ဖြင့်လည်း စိုက်ပျိုးကြပါသည်။

              ပီလောပီနံကို အချောမှုန့်ပြုလုပ်၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်း၊ ကော်မှုန့်အဖြစ်အသုံးပြုခြင်း၊ ကတ္ထူစက္ကူပုံးများပြုလုပ်ရာတွင် အသုံးပြုခြင်း၊ အချိုရည်/ အဖျော်ယမကာလုပ်ငန်းများတွင် အသုံးပြုကြပါသည်၊၊

             ဆောင်းဦးရာသီဖြစ်သည့် နိုဝင်ဘာလဆန်း ပုသိမ်မြို့ ဈေးကွက်တွင် ပီလောပီနံဥ(ခ) ကလောဥ တစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)