သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ (၂၆) ရက်နေ့မှ မေလ ( ၂ ) ရက်နေ့ အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ကျိုက်ကော် မှ နာနတ်သီး အလုံးကြီး ကျပ် ၁၂၀၀ မှ ၁၀၀၀၊ အလုံးလတ် ကျပ် ၈၀၀ မှ ၆၀၀ ၊ အလုံးသေး ကျပ် ၅၀၀ မှ ၄၀၀၊ ဘီးလင်းမှ ပိန္နဲသီး အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးလတ် ကျပ် ၆၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၊ ဗန်းမော်၊ ကသာ မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၁၀၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၆၀၀၀ မှ ၄၀၀၀၊ ဝမ်းတွင်း မှ ဖရဲသီး (211) အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၀၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၃၅၀၊ အလုံးသေး ကျပ် ၂၅၀၊ မအူပင် (ရွှေတောင်ပေါ်) မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်ခြင်း အလုံး ၅၅ ပါကျပ် ၃၀၀၀၀၊ အလုံး လတ်တစ်ခြင်း အလုံး ၆၅ ပါကျပ် ၂၅၀၀၀၊ အလုံးသေး တစ်ခြင်း အလုံး ၇၅ ပါ ကျပ် ၁၉၀၀၀ နှင့် အလုံး ၁၀၀ ပါ ကျပ် ၁၅၀၀၀၊ သရက်သီး (ရင်ကွဲ) အလုံးကြီး တစ်ခြင်း အလုံး ၁၁၅ လုံးပါ ကျပ် ၁၁၀၀၀၊ အလုံးလတ်တစ်ခြင်း အလုံး ၁၃၀ ပါ ကျပ် ၈၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ ၅ ပိဿာတစ်ခြင်း ကျပ် ၃၀၀၀၀၊ (၁၈) ကျပ်သားဗူး ကျပ် ၁၂၀၀ ဈေး တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)