အခြေခံစားသောက်ကုန်ဈေးနှုန်း အခြေအနေများ ကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိ/ မရှိ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူဝန်ထမ်းများသည် မြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေကို အပါတ်စဉ် နှိုင်းယှဉ်ချက် စာရင်းကောက်ယူရန်အတွက် မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွန်ဈေးတို့မှ အခြေခံစားသောက်ကုန်အမျိုးမျိုးဈေးနှုန်းကို ကွင်းဆင်းစုံစမ်းမေးမြန်း ဆောင်ရွက်ခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဒေသ ငရုတ်ခြောက်အရှည် ၁ပိဿာလက်ကားဈေး ၆၅၀၀ကျပ်၊ လက်လီ ဈေး ၇၀၀၀ကျပ်၊  ငရုတ်ပွ လက်ကား၁ပိဿာဈေး၊ ၁၅၀၀၀ကျပ်၊လက်လီ ၇၀၀၀ကျပ်၊  ကြက်သွန်နီ ၁ပိဿာ လက်ကား ဈေး ၃၇၀၀ကျပ်၊ လက်လီဈေး ၄၂၀၀ကျပ်၊  ကြက်သွန်ဖြူကြုကုတ် လက်ကားဈေး ၁ပိဿာ၊ ၂၁၀၀၀ကျပ်၊ လက်လီဈေး ၂၁၆၀၀ကျပ်၊ ကြက်သွန်ဖြူ ရှမ်းစ ၁ပိဿာ လက်ကားဈေး ၁၅၃၀၀ကျပ်၊ လက်လီဈေး ၁၅၆၀၀ကျပ်၊ အာလူးအလတ် ၁ပိဿာ လက်ကားဈေး ၈၈၀၀ကျပ်၊ လက်လီဈေး ၉၁၀၀ကျပ် ဖြင့် (၃.၁၂.၂၀၂၄) ရက်နေ့ဈေးဖြင့် ရောင်းချပြီး ယခုအပါတ် (၆.၁၂.၂၀၂၄) ရက်နေ့ဈေးဖြင့်ယှဉ်ကြည့်လျှင် ကုန်ဈေးနှုန်း အတက်မရှိပဲ ဈေးနှုန်း တည်ငြိမ် လျက်ရှိသည်။

      သားငါးဈေးအနေဖြင့် ကြက်သား ဗမာ၁ပိဿာ လက်ကား ၂၅၀၀၀ကျပ်၊ လက်လီ၂၇၀၀၀ကျပ်၊  စီပီကြက်သား ၁ပိဿာ လက်ကား ၁၄၀၀၀ကျပ်၊ လက်လီ ၁၅၀၀၀ကျပ်၊ ဘဲသား ၁ပိဿာ လက်ကားဈေး ၁၂၅၀၀ကျပ်၊ လက်လီဈေး ၁၃၀၀၀ကျပ်၊ အမဲသား ၁ပိဿာ လက်ကားဈေး ၁၉၀၀၀ကျပ်၊ လက်လီဈေး ၂၀၀၀၀ကျပ်၊ ဆိတ်သား ၁ပိဿာ လက်ကားဈေး ၂၄၀၀၀ကျပ်၊ လက်လီ ၂၅၀၀၀ကျပ်၊ ငါးခူ ၁ပိဿာ လက်ကားဈေး ၁၇၀၀၀ကျပ်၊ လက်ကား ၁၉၀၀၀ကျပ်၊ ငါးကြင်း ၁ပိဿာ လက်ကားဈေး ၁၅၀၀၀ကျပ်၊ လက်လီ ၁၇၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁ပိဿာ လက်ကားဈေး ၉၀၀၀ကျပ်၊ လက်လီဈေး ၁၁၀၀၀ကျပ်၊ ယခင်အပါတ်ထက် ငါးမြစ်ချင်း ငါးဈေး ၄၀၀၀ကျပ် ဈေးကျကြောင်း၊  ငါးရံ့ဈေး ၁ပိဿာ လက်ကားဈေး ၁၂၀၀၀ကျပ်၊ လက်ကားဈေး ၁၄၀၀၀ကျပ်၊ ကျော့ပုစွန် ၁ပိဿာ လက်ကားဈေး ၁၇၀၀၀ကျပ်၊ လက်လီဈေး ၂၀၀၀၀ကျပ်၊ ကြက်ဥဈေး လက်ကား ၃၈၀၊ လက်လီ ၄၀၀ကျပ်၊ ယခင်အပတ်ထက် ၂၀ကျပ် ဈေးတက်လာသည်။ ဘဲဥ လက်ကား ၅၂၀ကျပ်၊ လက်လီ ၅၅၀ကျပ် ယခင်အပတ်ထက် ၃၀ကျပ် ဈေးတက်ကြောင်း တွေ့ရှိ၊ ဆား ၁ပိဿာ လက်ကားဈေး ၃၀၀ကျပ်၊ လက်လီဈေး ၄၀၀ကျပ် ဈေးဖြင့် မအူပင်မြို့နယ်အတွင်း ရောင်းချနေကြောင်း သိရှိရပြီး ကုန်ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ကွင်းဆင်းစုံစမ်းခြင်း များအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)