အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အွန်လိုင်းရောင်းချသူလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

     (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ် တာဝန်ခံရုံးမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူးသည် ညောင်တုန်းမြို့ အွန်လိုင်းရောင်းချသူ လုပ်ငန်းရှင်(၁၀)ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်မသို့ ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျည်း၍ အသိပညာပေးဆွေးနွေး ဟောပြောခြင်းပြုလုပ်ခဲ့သည်။

    ထိုသို့ ဆွေးနွေးရာဟောပြောရာတွင် အွန်လိုင်းလုပ်ငန်းများဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို လုပ်ငန်း၇ှင်များက ဆိုရှယ်မီဒီယာသုံး၍ ရောင်းချလာကြပြီး၊ မသာမာသူလုပ်ငန်းရှင် တစ်ချို့မှ လိမ်လည်၍ ရောင်းချနေမှုများ ဖြစ်ပေါ်လာ၍ စားသုံးသူများ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာသည့်အတွက် အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းများကို စိစစ်သင့်သည်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ထုတ်ပြန်ပြီး မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်၊ အခွင့်အာဏာအပ်နှင်းသည့်အမိန့်များနှင့် သတိပြုရမည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ စားသုံးသူဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်(၄)ရပ်အား ရှင်းလင်းခြင်း၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ လိမ်လည်မှုပုံစံ (၂) မျိုးဖြင့် လိမ်လည်နိုင်ကြောင်း၊ အွန်လိုင်းမှ ဝယ်ယူမှုများအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင်လည်း နည်းလမ်း (၅) မျိုးဖြင့် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင်လည်း မိမိတို့ဌာနမှ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းစသည့် နည်းလမ်း (၂) မျိုးဖြင့် ဖြေရှင်းပေးပါကြောင်း၊ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက  ပြစ်မှု၊ ပြစ်ဒဏ်အရ အနည်းဆုံး ထောင်ဒဏ် ၆လမှ ၃ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ကျပ် ၅သိန်းထက်မပိုသော ဒဏ်ငွေကိုချမှတ်ခံရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုကို လည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

၀၉၇၈၄၃၇၆၃၂၂