ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၉) ရက်နေ့၊ နံနက်ပိုင်းမှစ၍ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ အခွန်လွတ်ဈေး၊ မြို့မဈေး၊ ရပ်ကွက်များတွင် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
ငပုတောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာအစိုးရဌာနများ ပူးပေါင်း၍ အခွန်လွတ်ဈေး၊ မြို့မဈေး၊ ရပ်ကွက်များတွင် ကြက်ဥ တစ်လုံးလျှင် (၃၈၀) ကျပ်ဖြင့် တစ်နေ့လျှင် ကြက်ဥအလုံးရေ (၄၀၀) မှ အလုံး (၇၀၀) ထိ ရောင်းချပေးလျက်ရှိပြီး (၂၈.၁၁.၂၀၂၄) ရက်နေ့မှစ၍ ကြက်ဥအလုံးရေ စုစုပေါင်း (၄၀၀၀) အား ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ ဝယ်ယူစားသောက်နိုင်စေရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)