နတ်မောက်မြို့နယ်မှ “လင်းလက်” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးအသိပညာပေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်နှင့် ချောက်ခရိုင် ဦးစီးမှူးသည်(၅.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နတ်မောက်မြို့နယ်မှ “လင်းလက်” အမှတ်တံဆိပ်ဖြင့် သဘာဝခေါင်းလျှော်ရည်၊ သဘာဝဆပ်ပြာ၊ Scrub များ ထုတ်လုပ်သော လုပ်ငန်းရှင်အား ခရိုင်ဦးစီးမှူးရုံးတွင်ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

     “လင်းလက်” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ရှားစောင်းလက်ပတ် (Aloe Vera Lotion)၊ Lin Latt Hair Coat ၊ သဘာဝပေါင်းဆီ၊ သဘာဝအပူငြိမ်းဆေးဘက်ဝင်မန်ကျည်းခေါင်းလျှော်ရည်၊ သဘာဝခေါင်းလျှော်ရည်၊ သဘာဝကျန်းမာရေးရေချိုးဆပ်ပြာ၊ သဘာဝအပူငြိမ်းမန်ကျည်းရေချိုး ဆပ်ပြာ၊ သဘာဝရှားစောင်းလက်ပတ်မျက်နှာသစ်ဆပ်ပြာ၊ သဘာဝအာလူး၊ ရွှံ့စေးမျက်နှာသစ်ဆပ်ပြာ၊ သဘာဝမုန်လာဥနီအသားဖြူဆပ်ပြာ၊ ကော်ဖီနနွင်းသဘာဝဆပ်ပြာ၊ သဘာဝပျားမန်ကျည်းဆပ်ပြာ၊ သဘာဝဒန့်ဒလွန်အသားဖြူဆပ်ပြာ၊ သဘာဝအပူငြိမ်းကရမက်အမှုန့်စစ်စစ်၊ သဘာဝအူရှင်းကျန်းမာရေး ရှားစောင်းလက်ပတ်ယို၊ သဘာဝအပူကင်းအဆီကျဆေးဘက်ဝင်မန်ကျည်းယို၊ သဘာဝအူရှင်းအဆီကျ လက်ဖက်ခြောက်၊ ဘက်စုံသုံးကျန်းမာရေးဆားခါး၊ ကင်ပွန်းသီး Scrub ၊ အပူငြိမ်းမန်ကျည်းသီး Scrub ၊ Coffee Scrub တို့ ထုတ်လုပ်လျှက်ရှိပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များသို့ ဖြန့်ချိလျက်ရှိကြောင်း သိရှိရပါသည်။

     ခရိုင်ဦးစီးမှူးမှ “လင်းလက်” အမှတ်တံဆိပ် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်/ တားမြစ်ချက်များနှင့် ပြစ်မှု/ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ိထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်စည်တစ်ခုချင်းအလိုက် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)