စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများ အဆမတန်စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးတို့အား အပတ်စဉ်ကွင်းဆင်းကြီးကြပ်လျက်ရှိရာ(၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် မကွေးမြို့၊ တိုင်းဆေးရုံကြီးရှေ့ရှိ အာရောဂျံဆေးဆိုင်၊ တူးတူးဆေးဆိုင်နှင့် ဖန်ခါးမြေဆေးဆိုင်များအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆေးဆိုင်ရှင်များ၏ ပြောကြားမှုအရ ဆရာဝန်ညွှန်ကြားချက်မလိုသော ဆေးများမှာ ဆေးဆိုင်တိုင်း၌ အလွယ်တကူဝယ်ယူရလျက်ရှိပြီး ယခင်ကဝယ်ယူရန်ခက်ခဲသော Enervon-C ၊ Decolgen ကဲ့သို့ ဆေးများလည်းခွဲတမ်းဖြင့် မဟုတ်ဘဲ လိုအပ်သလောက်ဝယ်ယူရရှိနေပြီဖြစ်ပြီး ဆရာဝန်ညွှန်ကြား ချက်ဖြင့် ဝယ်ယူရသောဆေးများမှာလည်း လက်ကားရောင်းချသည့်ဆေးဆိုင်ကြီးများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းရှိ ဆေးဆိုင်များတွင်လည်း ဆေးဆိုင်အချင်းချင်းချိတ်ဆက်ပေးမှုဖြင့် စားသုံးသူများ အခက်အခဲမရှိ ဝယ်ယူသုံးစွဲရလျက်ရှိကြောင်း၊ တချို့သော ဆရာဝန်ညွှန်ကြားသည့် အမှတ်တံဆိပ်ပါ ဆေးများဝယ်ယူရရှိခြင်းမရှိသော်လည်း ထုတ်လုပ်သည့်နိုင်ငံကွဲပြားပြီး ဆေးအာနိသင်တူ ကုမ္ပဏီကွဲ ဆေးများ ဝယ်ယူသုံးစွဲရလျက်ရှိသဖြင့် စားသုံးသူများအခက်အခဲမရှိ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)