ဆိပ်ဖြူ ကြက်သွန်နီ ဧပြီလဒုတိယ(၂)ပတ်အတွင်း စီးဆင်းမှုအခြေအနေ

Powered by Drupal

             ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဧပြီလ(၁၈)ရက်မှ(၃၀)ရက်အတွင်း ကြက်သွန်နီ ဆောင်းစိုက်ပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ် ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန် ပိဿာ (၃)သောင်းခန့် (၂)ပတ်အတွင်း စုစုပေါင်းပိဿာ (၄)သိန်းဝန်းကျင်ခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

            စိုက်တောင်သူအချို့သည် ကုန်စည်ဒိုင်သို့ ရောင်းချခြင်းမရှိဘဲ ဆိပ်ဖြူမြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ရေး ကုန်သည်ပွဲစား ဂိုဒေါင်များသို့ ရောင်းချခြင်းဖြစ်၍ (၂)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခန့်ကို ကုန်သည်ဂိုဒေါင်များသို့ ဝင်ရောက်ပြီး ကုန်သည်ပွဲစားများနှင့် တိုက်ရိုက်အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလဒုတိယ(၂)ပတ်အတွင်း ကုန်စည်ဒိုင်နှင့်ကုန်သည်/ပွဲစား(ဂိုဒေါင်)များ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီပိဿာ(၈)သိန်းခန့်ရှိကြောင်း ကုန်စည်ဒိုင်အသင်းဝင် ကုန်သည်ပွဲစားမှတစ်ဆင့် သိရှိရပါသည်။  (၂)ပတ်အတွင်း ကြက်သွန်နီအသစ်(၁)ပိဿာ ထိပ်စရှယ်အမြင့်ဆုံးဈေးနှုန်းမှာ (၇၀၀ ကျပ်မှ ၆၅၀ ကျပ်ထိ) ကုန်စည်ဒိုင်ဖြတ်ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ (၅၀၀ ကျပ်မှ ၂၅၀ ကျပ်ထိ) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်နီထွက်ကုန် အရည်အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီအမြင့်ဆုံး ဈေးနှုန်းမှာ(၆၇၅)ကျပ်ဖြစ်ပြီး ယခု(၁) ပတ် အမြင့်ဆုံးဈေးမှာ(၇၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ် ထက် (၂၅)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အနိမ့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က(၄၅၀)ကျပ်၊ ယခု(၁)ပတ် (၅၀၀) ကျပ်ဖြစ်၍ (၅၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်သွားကြောင်း၊ ယခု(၂)ပတ်အတွင်း မြဝတီဝယ်လက်ရှိ၍ ကြက်သွန်နီဈေးနှုန်း ယခင်(၁)ပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း၊ ကုန်စည်ဒိုင် အသင်းဝင်ကုန်သည်ပွဲစားတစ်ဦးထံမှ  သိရှိရပါသည်။

          ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စရှယ် (ကျပ် ၁၀၀၀/၉၀၀)၊ လတ်(ကြီး)(ကျပ် ၈၀၀/၇၀၀)၊ လတ်(သေး)(ကျပ် ၆၀၀/၅၀၀) ဈေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဧပြီလ ဒုတိယ(၂)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ အများဆုံးတင်ပို့ ဖြန့်ဖြူးလျှက်ရှိပြီး နေ့စဉ်(၆/၁၂)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန်နီ ပျမ်းမျှပိဿာ (၈)သိန်း/ တန်ချိန် (၄၇၀၀၀)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)