မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို (၆.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် အမှတ်(၁၄)ရပ်ကွက်၊ စစ်ကွင်းရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ပျဉ်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက လွတ်လပ်ရေးနေ့ နှစ်စဉ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများအားလည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေး အသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက “ကုန်အညွှန်းအမှတ်အသားနှင့် စားသုံးရန်မသင့် အစားအစာများ” အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)