ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းသည် စားသုံးသူများ  ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ရည်ရွယ်၍ ဂန့်ဂေါမြို့၊ အခြေခံပညာအထက်တန်း(မြို့မ)ကျောင်း၌ (၆.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးက ဌာနဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် (ခ)နှင့်(ဆ)ပါ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းအရာများ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်ပါက ပြောရေး၊ ဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့် ရရှိနိုင်သည့်အကြောင်းအရာများနှင့် တိုင်ကြားနိုင်သည့်နေရာများ အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)