အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

              အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၄.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၄.၅.၂၀၂၂) ရက်နေ့ အတွင်း နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းနက်(စမုံ)၊ နှမ်းပြာတို့မှာ ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)  ယခင်အပတ်(၄၂၀၀ဝိ/-) ယခုအပတ်(၄၂၈၀ဝိ/-)(၈၀ဝိ/-) ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ်(၄၄၅၀ဝိ/-) ယခုအပတ်(၄၄၃၀ဝိ/-) (၂၀ဝိ/-)ဈေးလျော့၊ ကုလားပဲ(မြကြေး) ယခင်အပတ် (၄၄၈၀ဝိ/-) ယခုအပတ်(၄၅၃၀ဝိ/-) (၅၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၃၀၀ဝိ/-) ယခုအပတ်(၆၄၀ဝဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၃၉၅ဝိ/-)ယခုအပတ်(၄၀၀ဝိ/-) (၅ဝိ/-)ဈေးမြင့်၊ မတ်ပဲယခင်ပတ်(၄၆၅၀ဝိ/-) ယခုအပတ်(၄၆၀၀ဝိ/-) (၅၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(နီ)မှာ ယခင်အပတ်ဈေးနှုန်း အတိုင်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းပြာ(၁၂၀)အိတ်၊ နှမ်းနက်(စမုံ)(၃၈၀)အိတ်၊ နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၁၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၄၈၀)အိတ်၊ ကုလားပဲ(HL)(၆၀၀)အိတ်၊ ကုလားပဲ (မြကြေး)(၄၅၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်၊ မတ်ပဲ (၁၈၀)အိတ်၊ မြေပဲလုံးဆံဖြူ(၇၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၃၂၀)အိတ်တို့ ဖြစ်ပါသည်။

            ဝါသီးနှံဈေးကွက်အနေဖြင့် အောင်လံကုန်စည်ဒိုင်တွင် ယခင်အပတ်(၂၈.၄.၂၀၂၂) ယခုအပတ် (၄.၅.၂၀၂၂) နေ့အတွင်း အရောင်းအဝယ်မရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)