တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊သွင်းကုန် တင်ပို့နိုင်မှုအခြေအနေ

Powered by Drupal

             မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကွမ်းသီး (၂၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၀)၊   စက်မှုကုန်ချောအနေဖြင့် စီးကရက်(၄၂.၉၉၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၂၄၇)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံတန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် တင်သွင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

          ၂၀၂၂ ခုနှစ်၊ ဧပြီလ စတုတ္တပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် မက်မွန်သီး (၅.၁၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၁)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက် (၇၃.၃၄၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၃၄၃)၊ အခြားပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၁၄၇)တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဓာတ်မြေသြဇာ (၂၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လားသန်း(၀.၁၀၀)၊ ဂျုံမှုန့် (၁၀၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း(၀.၀၅၀)တင်သွင်းနိုင်ခဲ့ပြီး လူသုံးကုန်ပစ္စည်းဖြစ်သည့် စာရေးကိရိယာ (၁.၄၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း(၀.၀၀၂)တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် တမူးနယ်စပ်ကုန်သွယ်ရေးခန်းအနေဖြင့် ပို့ကုန်(၁၅.၄၅၀)တန်၊ အမေရိကန် ဒေါ်လာသန်း(၀.၂၀၈)ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်(၃၀၁.၄၃၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၁၅၂)ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် သိရှိရပါသည်။

DOCA(စစ်ကိုင်း)