ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ပန်းဂေါ်ဖီကို စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်း ချလျက်ရှိကြောင်းသိရပါသည်။ ကန့်ဘလူမြို့ မြို့မဈေးတွင် ပန်းဂေါ်ဖီများကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခုဆောင်းပိုင်းကာလဖြစ်သည့် နိုဝင်ဘာလကုန် ဒီဇင်ဘာလ လဆန်းပိုင်းတွင် ဒေသတွင်းလှိုင်လှိုင်ထွက်ရှိသည့် ပန်းဂေါ်ဖီများကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ပန်းဂေါ်ဖီပွင့်များကို အပွင့်အကြီး/အသေး ဗြွန်ဈေး(၁၃၀၀)ကျပ်ဖြင့် ဝယ်ယူကာ စားသုံးသူပြည်သူမျာကို ပြန်လည်ရောင်းချရာတွင် ပန်းဂေါ်ဖီ(အကြီး) တစ်ပွင့်လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ (အလတ်)တစ်ပွင့် လျှင်(၁၈၀၀)ကျပ်နှင့် ပန်းဂေါ်ဖီ(အသေး) တစ်ပွင့်လျှင်(၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဒီဇင်ဘာလ(ပထမပတ်) တွင် ပန်းဂေါ်ဖီအပွင့် အကြီး/ အသေးပေါ်မူ တည်၍ တစ်ထုတ်လျှင် (၃၀၀၀/၂၅၀၀/၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ရှိပြီး ယခင်ဒီဇင်ဘာလ ပထမအပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)