ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များတွင်ကြက်ဥ၊ဘဲဥ၊အသားငါးများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် (၈.၁၂.၂၀၂၄)ရက်နေ့တွင်  မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ မှ မိမိတို့ဒေသရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥ၊ ဘဲဥ နှင့် အသားငါးများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရှိရပါသည်။

       ထိုသို့ရောင်းချခဲ့ရာတွင် မြန်အောင်မြို့နယ် မြို့မနေခြည်ဈေး၊ ကနောင်ဈေးနှင့် အင်ပင်ဈေးရှေ့ တွင် ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်ဖြင့် စုစုပေါင်း အလုံး(၄၀၀၀) ကိုလည်းကောင်း၊ ဇလွန်မြို့နယ် ညောင်ပင်ဈေး ရပ်ကွက်နှင့် မြို့မဈေးရှေ့တွင် ကြက်ဥတစ်လုံးလျှင် ၃၇၀ ကျပ်ဖြင့် စုစုပေါင်း အလုံးရေ  ၃၅၀၀ လုံး ကို လည်းကောင်း၊  လေးမျက်နှာမြို့နယ် အောင်မင်္ဂလာဈေး၌ ကြက်ဥတစ်လုံးလျှင် (၃၆၀ ကျပ်)ဖြင့် အလုံးရေ ၃၅၀၀၊ ဘဲဥတစ်လုံးလျှင် ၅၀၀ ကျပ်ဖြင့် အလုံး ၃၀၀၊ဆီတစ်ပိသာလျှင် ၈၀၀၀/-ကျပ်ဖြင့် ပိဿာချိန် ၃၀ အားလည်းကောင်း၊ ကြံခင်းမြို့နယ် မြို့မဈေးခေါင်းရုံးရှေ့နှင့် ဘက်ရဲဈေးရှေ့ တွင် ကြက်ဥတစ်လုံးလျှင်(၃၆၀ ကျပ်)ဖြင့် အလုံးရေ ၁၃၀၀ အား သက်ဆိုင်ရာ အစိုးရဌာနများ ပူးပေါင်း၍ ၈.၁၂.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်  အသီးသီး ရောင်းချခဲ့ပါသည်။  ပြည်သူများ ဈေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေးအတွက်  ဆက်လက်ရောင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)