(၁၂.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင် မြို့နယ်ဦးစီးမှူးရုံးသို့ မြို့နယ်များမှ သိုလှောင်ရုံ လုပ်ငန်းရှင်များက သိလိုသည်များ လာရောက်မေးမြန်းမှု အပေါ် မအူပင်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင် ရွက်ရန် ကိစ္စရပ်များကို သိုလှောင်ရုံနှင့် ဆန်စက်လုပ်ငန်းရှင်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မြို့နယ်တွင်း စပါး/ဆန်သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် မအူပင်ခရိုင် အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် MyRoတွင် မှတ်ပုံတင်ထားပြီးသည့် သိုလှောင်ရုံစာရင်း (၁၃၃၄)လုံးသာ မှတ်ပုံတင်ထားရှိပြီးဖြစ်သဖြင့် ကျန်ရှိနေသော သိုလှောင်ရုံများ မပျက်မကွက်ဆက်လက်မှတ်ပုံတင်နိုင်ရေးနှင့် ဆန်စပါး မူဝါဒများထွက်ရှိလာမည်ဖြစ်၍ ဈေးနှုန်းဈေးကွက် ကောင်းမွန်စေရေး အဓိကထားလုပ်ဆောင်နိုင်ပြီး၊ အသင်းအဖွဲ့အစာအဖွဲ့များအားကောင်းစွာ ဆောင်ရွက်ပါက စပါး/ဆန်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စပါးဆန် သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို အမိန့်အမှတ် ၈၂/၂၀၂၄ ၂၀၂၄ခုနှစ် အောက်တိုဘာလ ၁၄ရက်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ဆန်တန် ၂၅တန်နှင့်အထက် စပါးတင်း ၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူ MyRoတွင် သတ်မှတ်ချက်နှင့်အညီ မှတ်ပုံတင်လျောက်ထားရမည်ဖြစ်သည်။ မူလခွင့်ပြုထားသည့် စာရင်းအချက်အလက်များပြုပြင်ပြောင်းလဲလိုပါက သတ်မှတ်ချက်နှင့်အညီလျောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခွင့်ပြုပြီး သိုလှောင်ရုံများ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ လစဉ်ဖြည့်သွင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရန် ကျန်ရှိနေသေားသော သိုလှောင်ရုံများရှိပါက ထပ်မံပါဝင်နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ရန် လုပ်ငန်းရှင်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
DOCA( ဧရာဝတီ )