ညောင်တုန်းမြို့နယ်အတွင်း ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများ ဆန်ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဆန်ပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၁၁.၁၂.၂၀၂၄ နေ့၊နံနက်ပိုင်းက ညောင်တုန်းမြို့နယ်ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေနှင့် မြို့နယ်အတွင်း ဆန်ပြတ်လပ်မှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အသီးသီးဖြင့်  လက်လီလက်ကား ဆန်ဆိုင်များ၊ ဆန်သိုလှောင်ရုံများ စပါးသိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဆန်တန် ၂၅တန်နှင့်အထက် သိုလှောင်ထားသည် ဆန်သိုလှောင်ရုံများရှိပါက  MyRoတွင် မှတ်ပုံတင်ဆောင်ရွက်ထားရှိရန်၊ မြို့နယ်အတွင်း ဆန်သိုလှောင်ထားရှိမှုအခြေအနေများ၊ ယခုနှစ် မိုးများသည့်အတွက် ဆန်အထွက်နည်းသည့်အတွက် ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သတ်မှတ်သော သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အမြတ် ၅ရာခိုင်းနှုန်း/အခြားဒေသထွက် ဆန်ဖြစ်ပါက ၇ရာခိုင်နှုန်းဖြင့်  ဆန်များကို စျေးကွက်အတွင်းရှိ ရောင်းချရန်ကို  စစ်ဆေးပြောကြားခဲ့ပြီး၊ ဆန်သိုလှောင်ရုံနှင့် ဆန်အရောင်းဆိုင်များသို့ ဆန်အမျိုးအစားများ၊ လက်လီ/လက်ကားရောင်းချမှုအခြေအနေ၊ ဝယ်ယူရောင်းချသည့် ကုန်စည်စီးဆင်းမှုအခြေအနေ၊ ဆန်အမျိုးအစားအလိုက် သိုလှောင်မှုလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး၍ ဈေးနှုန်းမြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုကြရန် မှာကြားခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)