(၁၁.၁၂.၂၀၂၄) ရက်နေ့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းစွာ စားသုံးဆီများကို လိုအပ်သည်ထက် ပိုမိုစားသုံးကြသဖြင့် အသုံးပြုရာတွင် အရည်အသွေးမပြည်မီသော ရောနှောဆီများ ဈေးကွက်အတွင်း ပပျောက်စေရန်အတွက် မြို့နယ်အတွင်း ရောနှောဆီများရောင်းချနေပါက ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိနှင့် ရောနှောရာခိုင်နှုန်းများ တိကျမှန်ကန်စွာ ပါဝင်မှုရှိ/မရှိ ပန်းတနော် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဌညနဆိုင်ရာ အသီးသီးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပန်းတနော်မြို့နယ်တွင်းရောင်းချနေသော အဆိုပါ ရောနှောဆီများအားစစ်ဆေးရာတွင် ရောနှောဆီတွင် ပါဝင်ရမည့် အချိုးအစားမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိ၊ ရောနှောဆီ သို့မဟုတ် စားအုန်းမြေပဲဆီဟု ဖော်ပြခြင်း ရှိ/မရှိ ထုတ်ကုန်၏ မျက်နှာပြင်တွင် ဖော်ပြရမည့် စာလုံးဆိုဒ်အရွယ်အစားပမာဏ မြန်မာအက္ခရာ စာလုံးအရွယ်အစားကို ကြည်ရှုစစ်ဆေးခြင်း၊ အမျိုးအမည်ဖော်ပြရာတွင် စာလုံးအရောင် မြင်သာသည့် ဖတ်ရလွယ်ကူစွာ ဖော်ပြထားခြင်း ရှိ/မရှိ သတ်မှတ်ချက်များအတိုင်း ကိုက်ညီစွာရောင်းချမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။
စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသောဆီများသည် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိပြီး၊ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီအဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်အမိန့်နှင့် ကိုက်ညီသော ကုန်စည်ကိုရောင်းချနေခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)