စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုမြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိကို (၁၀.၁၂.၂၀၂၄) ရက်နေ့ ၊နံနက်(၀၉:၀၀)အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြသည်။
ဓနုဖြူစစ်ဆေးရေးအရာရှိမှ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသူလုပ်ငန်း မှတ်ပုံတင် ထားပြီး လုပ်ငန်းများဖြစ်သည့် အမှတ်၁ဓနုဖြူမြို့ Shwe Chiလုပ်ငန်း၊ အမှတ်၁ Shwe Chi Fabricလုပ်ငန်း၊ အမှတ်၉၉၊ သုခလမ်း၊ ၉ရပ်ကွက်ရှိ Sofiaလုပ်ငန်း၊ Coach Ei Chaw Knowledge Bussiness & Marketing သဘောသပြကျေးရွာ၊ ဓနုဖြူမြို့စသော အွန်လိုင်းရောင်းချသူလုပ်ငန်း(၄)ခုသို့ သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးတာဝန်ရှိသူက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီး ကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက် ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်း၊ ယခုစစ်ဆေးသောလုပ်ငန်း ၄ခုသည် မြေပြင်တွင် အမှန်တကယ် ရောင်းချနေသောလုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
DOCA(ဧရာဝတီ)