ဇလွန်မြို့နယ် ဆန်/စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ညောင်ပင်ဈေးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ဆန်/စပါးကုန်သည်များအသင်းဥက္ကဌ ဦးနိုင်ထွန်းနှင့် တွေ့ဆုံ၍ ဆန်/စပါးကုန်သည်များအသင်းမှ လက်ရှိလှုပ်ရှား ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။

      ထိုသို့ဆွေးနွေးခဲ့ရာတွင် အသင်းဥက္ကဌ ဦးနိုင်ထွန်းက လက်ရှိတွင်ကော်မတီအဖွဲ့ဝင်( ၁၈) ဦးရှိပြီး အသင်းအနေဖြင့် အောက်တိုဘာလမှစတင်၍ ထွက်ရှိလာသော မိုးစပါးများကို တောင်သူများထံမှ ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာဝယ်ယူလျက်ရှိကြောင်း၊ မြို့နယ်အတွင်း စားသုံးသူပြည်သူများ အနေဖြင့် ဆန်များအားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ အဆင်ပြေချောမွေ့စေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် လိုအပ်ချက်များ ရှိလာပါက အသင်းအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)