ဟင်္သာတခရိုင် ၊ မြန်အောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁.၁၂.၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စာ/တဲလမ်းရှိကုန်မျိုးစုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်မှ စစ်ဆေးရေးမှူးသည် ကုန်မျိုးစုံဆိုင်များ၌ ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့်အချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ် ရေးဥပဒေ အခန်း( ၁၈ )ပါ ပုဒ်မ (၄၁)၊ (၄၂) နှင့် (၄၃)တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ပါဝင်ရမည့်အချက်များ၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို ပြဌာန်းထားပြီးဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များအား လုပ်ငန်းရှင် များမှ ရောင်းချခြင်းမပြုကြရန်နှင့် အထူးအလေးထားလိုက်နာဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)