အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ အဝတ်အထည် အမျိုးမျိုးရောင်းချသောလုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးမှ Online စနစ်ဖြင့်ရောင်းချရာတွင်  မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ် တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချရမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား အသိပညာပေး အကျယ်တဝင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)