မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥများရောင်းချမှု အခြေအနေ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၁၂-၁၂-၂၀၂၄)    ရက်နေ့ နံနက်(၀၇:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ မြို့မအခွန်လွတ်ဈေးတွင် ကြက်ဥ အလုံး (၃၅၀၀)သွားရောက်၍ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ရောင်းချပေးရာတွင် အများပြည်သူများ သက်သာစွာ ဝယ်ယူနိုင်ရန် တစ်လုံးလျှင် (၃၆၀)ကျပ်နှင့် လူ(၁)ဦးလျှင် (၅)လုံးနှုန်းဖြင့် ဝါးခယ်မမြို့နယ်ရှိ မြို့မအခွန်လွတ်ဈေးတွင် စုစုပေါင်း ကြက်ဥအလုံးရေ (၃၅၀၀) အား ရောင်းချပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍ နောက်ရက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။    

DOCA(ဧရာဝတီ)