၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် (၁၁)ရပ်ကွက် ဇီဝကာရာမ(အ.မ.က) ကျောင်းတွင် ကျောင်းသူ/သား (၅၂) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသောက်တက်စေရန် အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲ အခမ်းအနားတွင် မြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းများဖြစ်သည့် အစားအသောက်များတွင် ပဋိဇီဝဆေးဝါးများ ပါဝင်လာနိုင်ကြောင်းနှင့် စားသုံးသင့်သည်ထက် ကျော်လွန်ပြီး အရောင်၊အနံ၊အရသာ လှလှပပစားချင်ဖွယ် ပြုလုပ်စားသောက်ကြ၍လည်းကောင်း၊ တာရှည်ခံရန် ဘေးအန္တရာယ်ရှိ ဖော်မလင်ဆေးများ ထည့်သွင်းသုံးစွဲမှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများမရှိစေရန် ကျောင်းသူ/သားများ အစားအသောက်ထုတ်ကုန်များ ဝယ်ယူစားသုံးရာတွင် သက်တမ်းကုန်ဆုံးရက်ကြည့်ရန်နှင့် ကုန်အညွှန်းအမှတ်အသားကို စိစစ်ပြီးမှ ဝယ်ယူစားသုံးရန် ပြောကြားခဲ့သည်။
DOCA(ဧရာဝတီ)