ဆောင်းမြေပဲများ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်

Powered by Drupal

            ဒီဇင်ဘာလပထမပတ်တွင် ဆောင်းမြေပဲအသစ်များ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ ဝင်ရောက်လာသည့်နေရာများမှာ ပြည်-အောင်လံ ကြားရှိကျေးရွာများ ရွှေတောင်၊ မြန်အောင်နှင့် ကြံခင်းဘက်မှ ဝင်ရောက်လျက်ရှိသည်။ မြေပဲမှာ ဆီထွက်သီးနှံများထဲတွင် မရှိမဖြစ်လိုအပ်သော သီးနှံဖြစ်ပါသည်။ စားသုံးဆီအပြင် မုန့်ပဲသရေစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ဈေးကွက်ဝင်သီနှံတစ်မျိုးဖြစ်သည့်အပြင် စားသုံးဆီအတွက် အဓိကသီးနှံလည်း ဖြစ်ပါသည်။ မိုးမြေပဲကို မေလ၊ ဇွန်လနှင့် ဩဂုတ်လ၊ ဆောင်းမြေပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။ မြေပဲအခွံပါအတောင့် တစ်တင်းလျှင် (၄၀၀၀၀)ကျပ် ဒေသပေါက်ဈေးဖြင့် ရောင်းချလျက်ရှိပြီး မြေပဲလုံးဆန် ၁ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)