ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(လ/ထကြီးကြပ်ရေးမှူး)၊ဦးရန်နိုင်ထွန်း( အငယ်တန်းစာရေး)နှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၄) ရက်နေ့ ၊ နေ့လယ်ပိုင်းတွင် အမှတ်(၂)၊ အောင်တံခွန်လမ်း၊ ဝါဆိုရပ်ကွက်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသော Ok-Seven ဆန်ရောင်းဝယ်ရေးဆိုင် အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် ဧရာမင်း၊ ဆင်းသုခ ၊ ဧည့်မထ ၊ အညာသား ၊ ရွှေဘိုပေါ်ဆန်း စသည့် ဆန်များ၏ (၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)